Tuesday, March 12, 2013

သူ့ကိုတစ်ကယ်ချစ်ရင်…….?

သူ့ကိုတစ်ကယ်ချစ်ရင်…….?

တကယ့် မေတ္တာအစစ်အမှန်နဲ့ချစ်ရင် ကိုယ်ချစ်တဲ့သူကို ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့သူ၊ ကိုယ့်အသိညဏ်နဲ့ကိုယ် စဉ်းစားနိုင်တဲ့သူ၊ ဆုံးဖြတ်နိုင်တဲ့သူ၊ သွားရဲလာရဲ၊ ပြောရဲဆိုရဲ၊ လုပ်ရဲကိုင်ရဲတဲ့သူမျိုး ဖြစ်လာအောင် စိတ်ဓါတ်အား ကောင်းလာအောင်၊ ကိုယ်ကျင့်တရားတွေ ကောင်းလာအောင်၊ အရာရာအပေါ်မှာ လိုက်မှီခိုနေမူတွေ ကင်းလာအောင် လုပ်ပေးချင်လာတယ်။
အဲဒါကို အဓိပ္မါယ် ပြောင်းပြန်ကောက်လိုက်ရင် ကိုယ့်အပေါ်မှာ မှီခိုနေအောင်၊ ကြောက်နေအောင်၊ အားငယ်တတ်အောင် လုပ်နေမယ်ဆိုရင် ချစ်ရာမရောက်ဘူး။ တစ်နေရာသွားမယ်ဆိုလည်း မသွားနဲ့ ဘာဖြစ်မယ်၊ ညာဖြစ်တယ်လို့ ပြောပြီးတားမယ် ခြောက်တတ်သေးတယ်။ ဘယ်ဟာဖြစ်ဖြစ် တစ်ခုခုလုပ်တော့မယ်ဆိုရင် မလုပ်ရဘူး။ “နင်လုပ်လို့ ဖြစ်မှာမဟုတ်ပါဘူး။ နေစမ်းပါ။ ငါလုပ်ပေးတာ အေးအေးဆေးဆေး လက်ခံလိုက်စမ်းပါ”လို့ ချစ်လွန်းလို့ဆိုပြီး ပိတ်ပင်တားဆီးတတ်တယ်။ ချုပ်ချယ်တယ်။ ကိုယ်ကချည်းလိုက်လုပ်ပေးတတ်တယ်။
ဒါဟာ ချစ်သူတွေချင်းလည်းဖြစ်တတ်တယ်။ အိမ်ထောင်ဖက်ချင်းလည်း ဖြစ်တယ်။ သားသမီးနဲ့မိဘလည်းဖြစ်တယ်။ ကိုယ့်အပေါ်မှာပဲ မှီခိုနေအောင်၊ အားကိုးနေအောင် မသိမသာ လုပ်မိတတ်တယ်။ ကိုယ့်ကိုမှီခိုနေအောင် အားကိုနေအောင် အကူအညီပေးနေတာ မေတ္တာမဟုတ်ဘူး။ မစဉ်းစားရဲအောင် မလုပ်ရဲအောင် ချုပ်ချယ်တာလည်း မေတ္တာ မဟုတ်ဘူး။ ကိုယ်က နေရာတကာ စဉ်းစားပေးတာ ဆုံးဖြတ်ပေးတာဟာလည်း မေတ္တာမဟုတ်ဘူး။ အရေးကြုံလာရင် ကိုယ့်အားကို မကိုးနိုင်တော့ဘူး။ အဲဒီလို မိဘတွေ တော်တော်များများရှိတယ်။ သားသမီးတွေ ကြီးလာတဲ့အခါမှာ သူ့အားသူကိုးလို့ မရတော့ဘူး။ မိဘကိုပဲ တစ်သက်လုံး မှီခိုပြီးတော့ နေရတော့မှာပဲ။ ကိုယ့်ကိုမှီခိုနေအောင် လုပ်ထားတာဟာ သူ့ကိုချစ်တာ မဟုတ်ဘူး။ ကိုယ့်ကိုကိုယ်ချစ်တာ။ ဆရာတော်ဦးဇောတိက

“လူတစ်ယောက် သင့်ကို ဘယ်လောက်ချစ်သလဲဆိုတာ”


တခြားအချိန်မှာ သင့်အပေါ်သူဘယ်လောက်ကောင်းတယ်ဆိုတာနဲ့ပဲ ဆုံးဖြတ်လို့မရဘူး
သင်တို့ရန်ဖြစ်ချိန်မှာ သင့်အပေါ် သူဘယ်လိုပြုမူတယ်ဆိုတာကိုလဲ ကြည့်ရသေးတယ်

ယောက်ျားမိန်းမဆက်ဆံရေးမှာ ရန်ဖြစ်တယ်ဆိုတာ ဟင်းချက်တာနဲ့တူတယ်
တချို့ရန်က ရင်ထဲထည့်ထားတဲ့ စကားလုံးတွေကို ပွင့်ထွက်စေတယ်၊ အချင်းချင်းအပေါ် ပွင့်လင်းစေတယ်
တချို့ဟင်းက ကြော်ချက်ပြီးစားရင် ပိုမွှေး၊ ပိုချိုသလိုပေါ့၊ဒါပေမယ့် တချို့ဟင်းက ကြာကြာကြော်လို့မရဘူး၊ ကြာကြာကြော်ချက်လေ အာဟာရဓာတ်ပျက်လေလူကလည်း မကြာခဏရန်ဖြစ်လေ သံယောဇဉ်ကို ပွန်းရှလေ၊ လှပတဲ့အမှတ်တရတွေကို ပျောက်ပျက်လေဖြစ်စေတယ်။
ဒါကြောင့် ဟင်းဆိုတိုင်းလည်း ကြာကြာမကြော်ချက်နဲ့၊ ရန်ဆိုတိုင်းလည်း ခဏခဏမဖြစ်နဲ့
အချင်းချင်းဆက်ဆံရေးဆိုတာ နွေးထွေးမှုကိုထိန်းထားရတယ်၊ ရန်ချည်းဖြစ်နေလို့လည်း ခရီးမပေါက်ပါဘူး.....

မှတ်ချက်....ဟင်းချက်ရင်းနဲ့လည်း ရန်မဖြစ်ကြနဲ့ပေါ့လေ..း)
.

မိခင်ဆန်သော ယောက်ျားများ
အိမ်ထောင် တစ်ခု ရွေးချယ်တဲ့ နေရာမှာ ကိုယ့်အိမ်ထောင်ဖက်ဟာ စိတ်ကူးတဲ့ ရွှေမင်းသားလေးလို ဖြစ်မှဆိုတဲ့ စံတွေ
သတ်မှတ်မှုဟာ လက်ရှိဘ၀နဲ့ အံဝင်ခွင်ကျ ရှိဖို့ဆိုတာ အင်မတန်မှ ဖြစ်နိုင်ချေ နည်းပါတယ်။
ကိုယ့်စိတ်ကူးထဲမှာ ရုပ်ချောရမယ် ၊ ထက်မြက်ရမယ်၊  ပိုက်ဆံ  ရှိရမယ်၊  ကိုယ့်အပေါ်လည်း  တအား  ချစ်ရမယ်၊
ကိုရီးယား မင်းသားလေးလိုလည်း ဖြစ်ရမယ် ဆိုတဲ့ စံသတ်မှတ်ချက်တွေဟာ တကယ့် ပျော်ရွှင်တဲ့ အိမ်ထောင်ရေး
တစ်ခုကို တည်ထောင်တဲ့ နေရာမှာ အရေး မပါတဲ့ အချက်တွေနဲ့ စိတ်ကူးယဉ်တဲ့ အချက်တွေ ဖြစ်နေတတ်ပါတယ်။
အိမ်ထောင်ဖက် ရွေးချယ်တဲ့ နေရာမှာ ရွေးချယ်သင့်တဲ့ ယောက်ျား အမျိုးအစား တစ်ရပ် အကြောင်းကို ဖော်ပြချင်ပါ
တယ်။ သူတို့ဟာ ရုပ် ချောသည်လည်း ရှိမယ်၊ ပိုက်ဆံ ရှိချင်လည်း ရှိမယ်။ ဒါပေမဲ့ အောက် က အချက်အလက်တွေ
နဲ့တော့ ပြည့်စုံ ကြပါတယ်။
အမှန်တော့ မိခင်ဆန်တဲ့ ယောက်ျားတွေဟာ အရာရာ ပုရိသ ၀ါဒတွေနဲ့ ကြီးစိုးနေတဲ့ ကမ္ဘာကြီးကို ဟန်ချက်ညီအောင်
ထိန်းညှိ ပေးနေတဲ့သူတွေပါ။ မိခင်ဆန်တဲ့ ယောက်ျားတွေရဲ့ လက်္ခဏာကို အောက်ပါအချက်အလက်တွေကို ကြည့်ပြီး
သိနိုင်ပါတယ်။
ပတ်ဝန်းကျင်ကို စောင့်ရှောက် သူများ

သူတို့ဟာ သူတို့ ပတ်ဝန်းကျင် ကို ထိန်းသိမ်း စောင့်ရှောက်လိုစိတ် ရှိကြတယ်။ ဆိုကြပါစို့။ သူတို့ရဲ့ မိသားစု၊ လုပ်ငန်း
ခွင်၊ မိတ်ဆွေ အသိုင်းအ၀ိုင်းတွေ အပေါ် ပြုစု စောင့်ရှောက်လိုစိတ် ရှိကြတယ်။လူတစ်ဖက်သားရဲ့ခံစားချက်ကိုလည်း
နားလည် ခံစား ကိုယ်ချင်းစာ နိုင်ကြတယ်။ နယ်ပယ်တိုင်းမှာ ပတ်ဝန်း ကျင်ကို စေ့စေ့ စပ်စပ် လေ့လာတတ် သူတွေ
လည်း ဖြစ်ကြတယ်။ ပတ်ဝန်း ကျင်ကို လျစ်လျူရှုပြီး မနေတတ်ကြ ဘူး။
သည်းခံတတ်ခြင်း

သည်းခံခြင်းရှိတယ်။ သည်းခံ ခြင်းဆိုတာ ရန်လိုခြင်းကို အနိုင်ယူ ဖို့ အတွက် အကောင်းဆုံးလက်နက် ပဲဖြစ်တယ်။
သည်းခံခြင်းဟာ ရန်လို ခြင်းသာမက ပဋိပက်္ခ၊ ရန်ပွဲတွေကို ပါ အနိုင်ယူတယ်။ သည်းခံတတ်တဲ့ စိတ်ဟာ လူသား
တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အခြေခံအကျဆုံး စိတ်နေသဘောထားလည်းဖြစ်တယ်။
သည်းခံတတ်တဲ့ စိတ်ကို မွေးမြူထား တဲ့သူတွေဟာ  အတ္တဗဟိုပြုစိတ် ထက် အများ ဗဟိုပြု စိတ်ကို တ ဖြည်းဖြည်း
ဦးတည် သွားနေတယ်လို့ ဆိုရမယ်။ အများအတွက် ရှေးရှုတဲ့  သူတွေဟာ  သည်းခံစိတ်  များတဲ့  သူတွေလည်းဖြစ်
တယ်။ သည်းခံစိတ် များလေလေ ပဋိပက္ခတွေကိုများ များရှောင်နိုင်လေပဲဖြစ်တယ်။ ချစ်သူ၊ လင်မယား ဆက်ဆံရေး
မှာလည်း ယောက်ျားနဲ့ မိန်းမကြားမှာ သည်းခံ စိတ်တွေ များများ ရှိဖို့လိုတယ်။ သည်းခံစိတ်များတဲ့ ချစ်သူဟာ မိခင်
စိတ်ရှိတဲ့ ယောက်ျားရဲ့ လက်္ခဏာ တစ်ရပ်လည်းဖြစ်ပါတယ်။
အနုပညာရှင်

အနုပညာ၊ ယဉ်ကျေးမှု၊ ဂီတ စာပေတို့ကို စိတ်ဝင်စား နှစ်ခြိုက်တဲ့ သူတွေမှာ အပြုသဘောဆောင်တဲ့ တန်ဖိုး
တစ်ရပ်ရှိတယ်။ ဒီအပြုသ ဘောဆောင်တဲ့ တန်ဖိုးဟာ လူယဉ် ကျေးတစ်ယောက်ရဲ့ ဂုဏ်အင်္ဂါတစ် ရပ်လည်း
ဖြစ်တယ်။ အနုပညာ၊ ယဉ်ကျေးမှုကို နှစ်ခြိုက်ပျော်မွေ့တဲ့ ယောက်ျားတစ်ယောက်ဟာ သူ့ ပတ်ဝန်းကျင်၊ သူ့
အဖွဲ့အစည်းနဲ့ သူ့ ချစ်သူအပေါ်ကို အထောက်အပံ့ ပေးတတ်တယ်။ ထိခိုက်နစ်နာစေလို တဲ့သဘော၊ အနိုင်
အထက်ပြုကျင့် လိုတဲ့သဘောတွေ မရှိတတ်ကြဘူး။ အနုပညာကို ချစ်တာဟာ လူ့ယဉ် ကျေးတစ်ယောက်ရဲ့
ဘာသာစ ကားတစ်ရပ်လည်းဖြစ်ပါတယ်။
လွတ်လပ်မှုကို တန်ဖိုးထားခြင်း

မိခင်စိတ်ရှိတဲ့ယောက်ျားတွေ ဟာ လွတ်လပ်မှုကို နှစ်ခြိုက်တယ်။ သူ့ရဲ့ ချစ်သူ၊ အိမ်ထောင်ဖက်ရဲ့ လွတ်လပ်မှု
အပေါ်လေးစားတယ်။ တန်ဖိုးထားတယ်။ နားလည်ပေး တတ်တယ်။ အတင်းအကျပ်အနိုင် အထက်မလုပ်တတ်
ကြဘူး။ သူ့ ဘက်ကိုယ့်ဘက်စဉ်းစားပေးတတ် တယ်။ ကိုယ့်အတ်္တကိုရွှေချထားဖို့ စိတ်ကူးမရှိကြဘူး။
စိတ်ဓာတ်မြင့်တင်ခြင်း

မိခင်စိတ်ရှိတဲ့ ယောက်ျားတွေ ဟာ လူတွေ နှစ်ခြိုက် တက်ကြွစေတဲ့ စကားတွေကို ပြောတတ်ကြတယ်။ လူတစ်ဖက်
သားကိုအားတက်စေ အောင် ပြောဆိုတတ်ကြတယ်။ စိတ်ဓာတ်ကျအားငယ်စေတဲ့ စကား တွေမပြောတတ်ကြဘူး။
တာဝန်ခွဲယူခြင်း
မိခင်စိတ်ရှိတဲ့ ယောက်ျားတွေ ဟာ အိမ်မှုကိစ်္စတွေကို ခွဲဝေယူ တတ်ကြတယ်။ အိမ်မှုကိစ်္စဆိုတာ ဗာဟီရဆိုပေမယ့်
ဘယ်လောက် များတယ်ဆိုတာကို သူတို့ဟာသူတို့ သိတယ်။ အ၀တ်လျှော်ရတာ၊ ဟင်းချက်ပေးရတာ၊ အိမ်မှုကိစ်္စ
သန့် ရှင်းရေးလုပ်ပေးရတာတွေဟာ သူ တို့အတွက် ရှက်ဖွယ်လို့မထင်ကြ ဘူး။ ချစ်သူအတွက် ကော်ဖီဖျော် ပေးရ
တာ၊ ဟင်းချက်ပေးရတာဟာ သူတို့အတွက် ယောက်ျားသိ က်္ခာကျတယ်လို့ မခံယူထားဘူး။ အိမ်ထောင်တစ်ခုကို
အတူတကွ ခွဲ ဝေထမ်းဆောင်ခြင်းပဲ ဖြစ်တယ်လို့ ခံယူထားတယ်။
အိမ်ထောင်ရေးအပေါ် စိတ် ၀င်စားခြင်း

မိခင်စိတ်ရှိတဲ့ယောက်ျားတွေ ဟာ မိန်းမတွေရဲ့ သားဖွားမှုကိစ်္စတွေ ကိုလည်း စိတ်ဝင်စားကြတယ်။ ဘာ ကြောင့်လဲ
ဆိုတော့ ကိုယ့်ချစ်သူ၊ မိန်းမအတွက် အထောက်အပံ့ပေး နိုင်သမျှ ပေးစေချင်လို့ပဲဖြစ်ပါ တယ်။
အိမ်ထောင်သားမွေး ကိစ္စ

အိမ်ထောင်ရေးမှာလည်း မိန်း မအတွက် ရှေ့ရှုပြီး စဉ်းစားပေး တယ်။ တစ်ကိုယ်ကောင်းမဆန်ဘူး။
ရှာသမျှ အကုန်အပ်

အိမ်ထောင်ရှင် ယောက်ျားတွေ အများစု ပြုလုပ်လေ့ရှိတဲ့ အပြုအမူ ပါ။ ရှာသမျှ အကုန် မအပ်ဘဲ ၀ှက် ထား၊ စုထား
တတ်တဲ့ အကျင့်ပါ။ လင်ကျင့်ဝတ်ငါးပါးထဲမှာ အများ အတွက်နဲ့ တခြားကိစ်္စတွေအတွက် ငွေကြေးအသုံးပြုတာကို
လည်း မိန်းမကို ပွင့်ပွင့်လင်းလင်းပြောပြထား တတ်ကြတယ်။
တစ်လင် တစ်မယား

မိခင်စိတ်ရှိတဲ့ ယောက်ျားတွေ ဟာ တစ်လင် တစ်မယား စနစ်ကို တန်ဖိုးထားတယ်။ အိမ်ထောင်ဖက် အများအပြား
ထားခြင်းကို ကန့် ကွက်တယ်။ အိမ်ထောင်ဖက်အပေါ် သစ္စာရှိရှိနဲ့ တန်ဖိုးထားပြီးချစ်ကြ တယ်။ဒါတွေ ဟာ မိခင်စိတ်
ရှိတဲ့ ယောက်ျားတွေရဲ့ ၀ိသေသလက်္ခ ဏာတွေပဲဖြစ်ပါတယ်။ ဒါတွေဟာ အိမ်ထောင်ဖက်တစ်ယောက်ကို ရွေးချယ်
တဲ့နေရာမှာ အထောက် အကူဖြစ်စေနိုင်မယ်လို့ မျှော်လင့်မိ တဲ့အတွက်ဖော်ပြရင်း....။

ဘာကြောင်. အိမ်ထောင်ကွဲရတာလဲ ..............???????




အိမ်ထောင်ရေး (၃)မျိုးရှိတယ်။
ပထမအိမ်ထောင်ရေး
—– ကိုယ်ချစ်တဲ့လူနဲ့ လက်ထပ်တာဖြစ်တယ်။
ဒုတိယအိမ်ထောင်ရေး
—– ကိုယ်ချစ်တဲ့လူရဲ့အကျင့်နဲ့ လက်ထပ်တာဖြစ်တယ်။
တတိယအိမ်ထောင်ရေး
- ကိုယ်ချစ်တဲ့လူရဲ့အကျင့်၊ သူ့ရဲ့ဘက်ဂရောင်း (ဆွေမျိုးသားခြင်း)နဲ့ လက်ထပ်တာဖြစ်တယ်။

ပထမအမျိုးအစားနဲ့ လက်ထပ်တဲ့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးက တည်မြဲတဲ့အဆင့်မှာရှိတယ်။
ဒုတိယအမျိုးအစားနဲ့ လက်ထပ်တဲ့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးက ပိုတည်မြဲတဲ့အဆင့်မှာရှိတယ်။
တတိယအမျိုးအစားနဲ့ လက်ထပ်တဲ့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးက ကွာရှင်းတဲ့လမ်းမမြင်ခဲ့ဘူး။

ဒီလောကကြီးမှာ ဆံဖြူသွားကျိုးတဲ့အထိ ချစ်နိုင်ကြတဲ့လူတွေဟာ အခြေခံအားဖြင့် ဘဝမှာ(၃)ကြိမ် လက်ထပ်ကြရတယ်။
ပထမတစ်ကြိမ်က စားသောက်ဆိုင်မှာ၊ ဆိုင်ကြီးကနားမှာ မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းတွေရဲ့ ဆုမွန်ကောင်းတွေကြားမှာ ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်တာဖြစ်တယ်။
ဒုတိယအကြိမ်က အိမ်မှာလက်ထပ်တာဖြစ်တယ်။ တစ်ဦးနဲ့တစ်ဦး သဟဇတဖြစ်အောင် တစ်ဘက်သားရဲ့အကျင့်နဲ့ လက်ထပ်တာဖြစ်တယ်။
တတိယအကြိမ်က အမျိုးတွေကြားမှာ လက်ထပ်တာဖြစ်တယ်။ တစ်ဘက်သားရဲ့ ဆွေမျိုးသားချင်းတွေနဲ့ သင့်မြတ်အောင် လက်ထပ်တာဖြစ်တယ်။
ဒုတိယအကြိမ်နဲ့ တတိယအကြိမ်လက်ထပ်တာက ပထမအကြိမ်နဲ့ လုံးဝကွဲပြားတယ်။ အဲဒီလက်ထပ်ပွဲတွေမှာ ခမ်းနားတဲ့ မင်္ဂလာအဆောင်အယောင်တွေ မပါသလို၊ သူငယ်ချင်းမိတ်ဆွေတွေရဲ့ ဆုမွန်ကောင်းတွေမပါခဲ့ဘူး။ အခမ်းအနားမှာ နှစ်ဦးသားရဲ့ နားလည်မှုပဲရှိခဲ့တယ်။
တကယ်လက်ထပ်တယ်ဆိုတာက နောက်ဆုံးနှစ်ကြိမ်နဲ့ ပိုဆိုင်ပါတယ်။
အခုခေတ် လူအများရဲ့အိမ်ထောင်ရေးက လက်ထပ်ပြီး နှစ်တိုတိုအတွင်းမှာ ကွာရှင်းကြတယ်။ ကွာရှင်းကြတဲ့အကြောင်းရင်းကို ဆန်းစစ်ကြည့်ရင် ကိုယ်လက်ထပ်ခဲ့တဲ့ပထမအကြိမ်ကို ဒုတိယအကြိမ်ထိ အရောက်မတွန်းပို့နိုင်ခဲ့လို့ဖြစ်တယ်။
အားလုံးသိကြတဲ့အတိုင်း ရေနွေးဆူဆူက ပိုးမွှားတွေကို သတ်ပစ်နိုင်သလို အချိန်မြင့်တဲ့အချစ်ဒီဂရီက ချစ်သူရဲ့ အားနည်းချက်နဲ့ မပြည့်စုံမှုကို မျက်ကွယ်ပြုနိုင်တယ်။
ချစ်နေတဲ့အချိန်မှာ မမြင်ခဲ့မိတဲ့ အားနည်းချက်၊ မပြည့်စုံမှုတွေက လက်ထပ်ထိမ်းမြားခြင်းဆိုတဲ့ မပူ၊ မအေးတဲ့ ရေထဲရောက်သွားတဲ့အခါ အဲဒီအားနည်းချက်နဲ့ မပြည့်စုံမှုတွေက ပိုးမွှားတွေလို ပြန်ရှင်သန်လာတတ်တယ်။
ဒီလိုအချိန်မျိုးမှာ ဒုတိယအကြိမ်လက်ထပ်ခြင်းကို ကိုယ်ရွေးချယ်သင့်ပါတယ်။ သူ့အကျင့်နဲ့လက်ထပ်မယ်၊ သူရဲ့အားနည်းချက်နဲ့ မပြည့်စုံခြင်းတွေကို နားလည်ခွင့် လွှတ်ပေးမယ်၊ ဒီလိုမှမဟုတ်ရင် အိမ်ထောင်ရေးက အမြစ်ပါးသွားတဲ့သစ်ပင်လို တဖြေးဖြေး ကျူံ့ဝင်ခြောက်ကပ်သွားနိုင်ပါတယ်။
အရမ်းချစ်ပြီး ယူထားကြသူနှစ်ဦးက နှစ်တိုတိုလေးအတွင်းမှာ ကွာရှင်းကြတာဟာလည်း ဒုတိယအကြိမ် လက်ထပ်ခြင်းဆီ အရောက်မသွားနိုင်ခဲ့လို့ဖြစ်တယ်။
ဒုတိယအကြိမ် လက်ထပ်ခြင်းထဲ ဝင်ရောက်နိုင်သူနှစ်ဦးက
ကွာရှင်းမယ်ဆိုတဲ့စကားကို အပြောနည်းသွားတတ်တယ်။ သူတို့ရဲ့စိတ်ထဲမှာ တစ်ဘက်သားရဲ့ အကျင့် စရိုက်နဲ့မပြည့်စုံမှုတွေကို နားလည်လက်ခံထားလို့ဖြစ်တယ်။ တစ်ခါတလေ တစ်ဘက်သားရဲ့ ဒီလိုမပြည့်စုံမှုက ကိုယ့်ကိုယ်ကိုဂရုစိုက်မှုအသွင် ပြောင်းစေခဲ့လို့ဖြစ်တယ်။
ဒီလိုအချိန်မျိုးမှာ အိမ်ထောင်ရေးက ချိုမြိန်နွေးထွေးနေပြီး အချင်းချင်း နားလည်ခွင့်လွှတ်ခြင်းတွေနဲ့ ပြည့်နေပါလိမ့်မယ်။
အိမ်ထောင်ရေးနွေးထွေးတာနဲ့ အိမ်ထောင်ရေးတည်မြဲပြီလို့ ယူဆလို့မရနိုင်သေးဘူး။ အိမ်ထောင်ရေးတည်မြဲဖို့ တတိယအကြိမ်လက်ထပ်ခြင်းကို အရောက်တက်လှမ်းနိုင်ရဦးမယ်။ အဲတာက တစ်ဘက်သားရဲ့ ဆွေမျိုးသားချင်းနဲ့ လက်ထပ်တာပဲဖြစ်တယ်။
တစ်နည်းပြောရရင် သူ့အပေါ်ထားတဲ့ ကိုယ်ရဲ့ချစ်ခြင်းမေတ္တာတွေ သူ့မိဘ၊ သူ့ဆွေမျိုးသားချင်းဆီအရောက် ဖြန့်ကျက်နိုင်ဖို့ဖြစ်တယ်။ ဒီလိုချစ်ခြင်းမေတ္တာမျိုးမှာ အိမ်ထောင်ရေးအတွက် အသိဉာဏ်တွေကိုပေးတယ်။
ကိုယ့်ရဲ့တစ်ခြမ်းကို ကိုယ်ပဲပိုင်ဆိုင်တာ မဟုတ်ပါဘူး။ သူ့ကို သူ့မိဘ၊ သူ့ဆွေမျိုးသားချင်းတွေလည်း ပိုင်ဆိုင်ပါတယ်။ ပြီးတော့ သူ့ကိုယ်သူ ပိုင်ဆိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အိမ်ထောင်ရေးကတည်မြဲပြီး ခွဲချင်တယ်ဆိုရင်တောင် မလွယ်တကူ မခွဲနိုင်တော့ပါဘူး။
ချစ်ခြင်းလောကမှာ ယောက်ျားအများစုက အိမ်ထောင်ရေးဆိုတာ မိန်းမတစ်ယောက်ကို လက်ထပ်ယူလိုက်တာပဲလို့ ထင်မှတ်ကြတယ်။ အဲဒီမိန်းကလေးရဲ့လိုအင်နဲ့ သူ့ရဲ့နောက်ခံဘက်ဂရောင်းကို လျစ်လျူရှူထားတတ်ကြတယ်။
မိန်းကလေးအများစုကလည်း အိမ်ထောင်ရေးဆိုတာ ယောက်ျားတစ်ယောက်ကို လက်ထပ်တာလောက်ပဲသိခဲ့ပြီး အဲဒီယောက်ျားရဲ့အကျင့်၊ စရိုက်နဲ့ သူ့ရဲ့နောက်ခံဘက်ဂရောင်း ဆွေမျိုးသားချင်းတွေနဲ့လည်း လက်ထပ်ရမယ်ဆိုတာကို မသိနားမလည်ခဲ့ဘူး။
ဒီလိုမသိနားမလည်ခြင်းကြောင့် အခုခေတ်မှာ အိမ်ထောင်ပြိုကွဲသူတွေ ပိုများလာတာကို တွေ့ကြရတယ်။
http://shwemantarlaywaiyan.blogspot.com/2013/02/blog-post_1031.html#more


Wednesday, November 26, 2008

Monday, December 24, 2007

Monday, December 17, 2007